သထုံ နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သုဝဏ္ဏဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ဌာနနှစ်ပတ်လည်နေ့ကျင်းပရသည့် ရည်ရွယ်ချက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းအမှာစကား ပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကံစမ်းမဲဆုလက်ဆောင်များ ဖွင့်ဖောက်ပေးအပ်ခြင်းတို့ကို တစ်ပျော်တစ်ပါးပြုလုပ်ပေးခဲ့ကြရာ ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)