မန္တလေး၊ နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၏ (၃၆) နှစ်မြောက်၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန်းတောင်ခြေရှိ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် သပိတ်ကျင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့် အငြိမ်းစား တိုင်းအုပ်ချုပ်ရေးမှူးဦးစိန်တင်တို့က အမှာစကားပြောကြားကြပြီး “သဘာဝဘေးအန္တရာယ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အခန်းကဏ္ဍ” စာတမ်းဖတ်ပွဲတွင် ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို video click ကိုပြသပြီး နှစ်ပါတ်လည်နေ့အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ဝန်ထမ်းများအား ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲဖွင့်လှစ်ပေးကြပြီး တေးဂီတဖျော်ဖြေပွဲများဖြင့် ဝန်ထမ်းများက တပျော်တပါးသီဆိုကြကြောင်း သိရသည်။
အောင်စံ (ပြန်/ဆက်)