အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်ဆုံးရှုံးမှု လျော့နည်းပျောက်စေရန်ရည်ရွယ်ပြီး စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ၉ နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2024
နိုဝင်ဘာလ (၂၀) ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိမ်းအမှတ်အကြို လှိုင်သာယာ(၁၁)ရပ်ကွက်တွင် မွေးဖွားခဲ့သည့် (၃) မွှာပူးမွေးဖွားသော မိခင် ဒေါ်ခင်မို့မို့အေးနှင့် ကလေးများအား လူမှုဝန်ထမ်း၊ ဦးစီးဌာနမှ ထောက်ပံကြေးပေးအပ်ပွဲကို လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ရုံးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ပြုလုပ်ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်၊ Brave Heart Foundation အဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်များ တက်ရောက်ကြသည်။
Nov 08,2024
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Studio-1၌ ကျင်းပပြုလုပ်သည်။
Nov 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများ ဆယ်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Nov 08,2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် ဌာနနှစ်ပတ်‌လည်နေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ အချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Nov 08,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
Nov 08,2024
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 08,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။