ဘိုကလေး ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်၍ အသက်(၁၀)နှစ်ပြည့်မှီပြီးသည့် ကျောင်းသား/သူ(၃၅၀)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အောင်ထွန်းနှင့် ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် One Stop Service နှင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ပြုလုပ်ပေးသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ တက်ရောက်ကြည့်ရှုအားပေး၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး၏ တာဝန်ရှိသူများနှင့အတူ ကျောင်းသား/သူများ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ One Stop Service ဖြင့် ထုတ်ပေးခဲ့ကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)