မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား သွင်းအားစုများပေးအပ်

မိုးညှင်း ဇွန် ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ဇွန်လ ၉ ရက်နေ့နံနက် (၁၀) နာရီက သွင်းအားစုဓာတ်မြေဩဇာများပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာ(သွင်းအားစု)များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ သမဝါယမအသင်းသား တောင်သူများအား ပုဂ္ဂလိကအရောင်းဆိုင်များနှင့်ချိတ်ဆက်၍ တောင်သူများ စိတ်ကြိုက်လိုအပ်သည့် သွင်းအားစုဓာတ်မြေဩဇာများအား မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းငါးသင်းမှ စိုက်ဧက (၆၉၅) ဧကအတွက် ငွေကျပ်သိန်း (၁၅၀၀) နှင့်ညီမျှသော သွင်းအားစုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း