လေးမျက်နှာမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိူးခြင်း ကွင်းသရုပ်ပြ

လေးမျက်နှာ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူ ဦးဌေးအောင်၏ လယ်မြေတွင် ယနေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိူးခြင်း ကွင်းသရုပ်ပြခြင်းနှင့် မျိုးစပါးပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦး‌ကျော်မိုးထွန်းက မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိူးခြင်းသည် ကြဲခင်းထက် မျိုးစေ့နှုန်းထား လျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်း နှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုရှိခြင်းတို့ကို ရှင်းပြပြီး ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မာင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦး‌ကျော်မိုးထွန်းတို့က တောင်သူများအား မျိုးစပါးများပေးအပ်ပါသည်။ ထို့နောက် မိုးစပါးစိုက်ပျိုးရာသီ စပါးမျိုးစေ့ချ ကိရိယာ (Drum-seeder) ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)