မော်လိုက် ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်၊ ခရိုင်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့နှင့်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာနှင့် မိုးလေဝသ ညွှန်ကြားမှုဦးစီးဌာနတို့ရှိ ရေဆိုးမြောင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း၊ သွေးလွန်တုပ် ကွေးရောဂါကြို တင်ကာကွယ်ရေးအတွက် ခြင်မျာခိုအောင်းနိုင်သော နေရာများတွင်(ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကိုထက်(ပြန်/ဆက်)