ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၉ ရက်နေ့က စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club, Youth Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေသားသော “တန်ဖိုးရှိသောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ ကျော်ကျော်လှိုင် ရေသားသော “တန်ဖိုးရှိသောနေ့” စာအုပ်အား ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် Book Club, Women Club, Youth Club များဖြစ်ကြသော ဒေါ်သဥ္ဇာဝင်းက “အောင်မြင်ရေး စိတ်ဓာတ်မွေးမြူပါ”၊ ဒေါ်မိမိခိုင်က “သူတစ်ပါးကို အမြဲကူညီပါ”၊ ဒေါ်စန်းစန်းသစ်က “နေ့စဉ် တိုးတက်မှုရှိအောင်လုပ်ပါ”၊ ဒေါ်စံပယ်က “ပေါင်းသင်းဆက်ဆံရေးကောင်းသူက အောင်မြင်သူပါ” စသည့် စာအုပ်ပါအကြောင်းအရာများအား အသီးသီးဆွေးနွေး ပြောကြားခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲအား Book Club ၊ Women Club ၊ Youth Club အဖွဲ့ဝင်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)