မြောင်းမြ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် "လူငယ်နှင့်အနာဂါတ်နိုင်ငံတော်" ခေါင်းစဥ်ဖြင့်စာပေဟောပြောပွဲကို ဇွန်လ (၁၀) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဒီဂရီကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းဝင်းက အမှာစကားဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးက လူငယ်ရေးရာကော်မတီအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် စာရေးဆရာ "ကိုရွှေအောင်သင်း" ၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခဲ့ပြီး စာရေးဆရာကိုရွှေအောင်သင်းက "လူငယ်နှင့်အနာဂါတ်နိုင်ငံတော်" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကတ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)