အိမ်မဲမြို့တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့်(ဆင့်ပွား) သင်တန်းဖွင့်လှစ်

အိမ်မဲ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ အ-ထ-က(၂) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းကျင်းပရာ သင်တန်း နည်းပြ (၂) ဦးက သင်တန်းသား/သူ (၂၃၅) ဦးအား လက်တွေ့သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၁)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သင်းသင်း လွင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

ချစ်သက်လယ်(ပြန်/ဆက်)