မအူပင် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များနှင့် စာရေးဆရာများအသင်း စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မိမိတို့ဌာန၏ Community Centre ခန်းမတွင် ယခုလိုစာဖတ်ဝိုင်းများ၊ စည်းဝေးဆွေးနွေးပွဲများ လာရောက်ဆောင်ရွက်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်မိတ်ဆက်စကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များမှ ဆရာအောင်သင်း၏ ဂန့်ဂေါမြို့နယ်ဟံသာဝတီရွာ စာပေဟောပြောပွဲမှ ဟောပြောချက်များ စုစည်းထုတ်ဝေထားသည့် လူငယ်နှင်ဘဝတန်ဖိုးစာအုပ်အားဖတ်ရှု၍ အပြန် အလှန်ဆွေနွေးခဲ့ကြသည်။ ယင်းနောက် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြရာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းများသာမက မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေစကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းများနှင့် အသိပညာပေး Talk Show များ၊ စည်းဝေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)