ပခုက္ကူမြို့၊ အ.လ.က(၃)ကျောင်း၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့် မဂ္ဂဇင်းစာအုပ် ပေးအပ်ပွဲကျင်းပ

ပခုက္ကူ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် လူရည်ချွန်ဂုဏ်ပြုပွဲနှင့်မဂ္ဂဇင်းစာအုပ်ပေးအပ်ပွဲကို ယနေ့နံနက်၉နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပထမဦးစွာ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ Grade-9 ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း"သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် ခေတ္တမြို့နယ်ပညာရေးမှူး ဦးဝဏ္ဏကြိုင်တို့က ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

ဆက်လက်၍ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဇော်မင်းဦးက ကျောင်းသမိုင်းကြောင်းနှင့် နှစ်(၆၀)ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ ကျောင်း၏ပထမဆုံး လူရည်ချွန်ဖြစ်ခဲ့သူ ဒေါက်တာမေစိမ်းက ပညာသင်ယူခဲ့မှုများကိုလည်းကောင်း၊ ၂၀၂၆ခုနှစ် Grade-9 လူရည်ချွန် မောင်ရာဇာဘုန်းမြတ်က လူရည်ချွန်ဖြစ်အောင် ကြိုးစားဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။

ထို့နောက် နှစ်(၆၀)အထိမ်းအမှတ်မဂ္ဂဇင်းစာအုပ်တွင်ပါဝင်ရေးသားသူ စာမူရှင် ၁၂၀ကျော်နှင့် အလှူရှင်များအားတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်မဂ္ဂဇင်းစာအုပ်ပေးအပ်ကြရာ ကျောင်းသား/ကျောင်းသူများက တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)