မော်လမြိုင်ကျွန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက စီးပွားချောင်ကျေးရွာအုပ်စု၊ ငှက်ဥကွင်းကျေးရွာ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးမှ တက်ရောက်လာသူများထံ ပျိုးပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။
အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးခန့်ဇော်ထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ ဒေသခံပြည်သူများနှင့်အတူ အင်အား ၂၅၀ ဦးခန့်ဖြင့် မန်ဂျန်ရှား (၂၅၀)ပင်၊ မဟော်ဂနီ (၂၀၀)ပင်၊ ကျွန်းပင် (၁၀)၊ ပျဥ်းကတိုး (၁၀)၊ ကံ့ကော် (၁၅) ပင်၊ ခရေ (၁၀)နှင့် မြောက်ငို (၅) ပျိုးပင်ပေါင်း (၅၀၀) ပင်တို့ကိုစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)