နေပြည်တော် ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်ဝောာ်ကာင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ထုတ်ကုန်လုပ်ငန်းများ ရေရှည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေး၊ ကုန်ချောဈေးကွက်ရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လျှပ်စစ်ဓာတ်အား၊ နည်းပညာနှင့် ကျွမ်းကျင် လုပ်သားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ၊ ပြည်ပတင်ပို့သည့် စက်မှုလုပ်ငန်းများ၊ အလားအလာရှိသော စက်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လည်ပတ်ထုတ်လုပ်နိုင်အောင်ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်အလိုက်ထုတ်လုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး MSME ပြပွဲ၊ ပြိုင်ပွဲများကို လုပ်ငန်းရှင်များ၊ အသင်းဝင်များနှင့်ပေါင်းစပ်၍ ကျင်းပဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများနှင့် ပြည်ပတင်ပို့နိုင်သည့် စက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်စေရန်နှင့် ထုတ်ပိုးမှုအဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးမော့လာစေရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် မူဝါဒနှင့်အညီ MSME လုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ ထုတ်ကုန်အမယ်သစ်များ ထွက်ရှိလာစေရန် နည်းပညာမျှဝေပေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီးဘေးအန္တရာယ်ကင်းရှင်းသော စားသာက်ကုန်၊ လူသုံးကုန်လုပ်ငန်းများ ထုတ်လုပ်လာနိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်း၊ စံချိန်စံညွှန်းကိုက်ညီသည့် ကုန်ထုတ်လုပ်ငန်း၊ MSME ထုတ်ကုန်များအား ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားရန်လိုအပ်ပါကြာင်းနှင့် နေပြည်တော်အတွင်း MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)