အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (SHE-smiths)ပန်းထိမ်လုပ်ငန်းလုပ်ကိုင်မည့်အမျိုးသမီးများအား အခရာ(NGO)အဖွဲ့မှ ပန်းတိမ်ဆိုင်ရာ ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ရှိ ရှင်ဂျော့ဂျက်အသင်းတော်၌ ပြုလုပ်သည်။
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေး မြို့နယ် တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန် ကန်မှုရှိစေရန် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက် (၇) နာရီမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ဂွေးပင် ကျေးရွာဓမ္မာရုံ တွင် ယမန်နေ့ နံနက်(၁၀)နာရီက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
Aug 18,2020
နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ကျေးရွာ(၈)ရွာမှ ပြည်သူများအား ထုတ်ချေးပြီးစီးကြောင်းသိရသည်။
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အမျိုးသားလျှပ်ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်း ဖြင့်ကျေးရွာ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့်ဝန်ထမ်းများက ဘူးတောင်းကျေးရွာ၌ 100KVA ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၂ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲကပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အထ ကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဝင်များက စာရေးဆရာ ဖေမြင့်ရေးသားသည့် တန်ဖိုးထား အပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။