နတ်မောက်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

နတ်မောက်   သြဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ဂွေးပင် ကျေးရွာဓမ္မာရုံ တွင် ယမန်နေ့ နံနက်(၁၀) နာရီက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် အသက် (၁၈) နှစ်ပြည့်သည့်နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား များကိုင်ဆောင်ပြီး မဲပေးပိုင်ခွင့်များ မဆုံးရှုံး စေရေးအတွက်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးဖြိုးဝေဝင်း ဦးဆောင်သည့် ဝန်ထမ်း များ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ   ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် ဂွေးပင်ကျေးရွာရှိ အသက်(၁၀)နှစ်နှင့်အထက် (၁၅၀)ဦးကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဇာလင်း(နတ်မောက်)