လင်းခေး ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန် ကန်မှုရှိစေရန် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက် (၇) နာရီမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါမြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဝန်ထမ်းများမှ ဦးဆောင်၍ မြို့နယ် ကော်မရှင် အဖွဲ့ခွဲအတွင်း ရေးမှူး၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများဖွဲ့စည်း၍ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်များ တိုက်ဆိုင်စစ်ဆေးခြင်းများကို လင်းခေးမြို့နယ်အတွင်းရှိရပ်ကွက်(၈)ရပ်ကွက်၊ကျေးရွာ အုပ်စု (၁၁) အုပ်စု ဟိုမိန်ူမြို့တွင် (၃)ရပ်ကွက်နှင့် အုပ်စု(၃) အုပ်စုများတွင်၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၁၈)ရက်နေ့မှ (၂၃) ရက် နေ့ အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
လင်းခေးမြို့နယ် ပထမအကြိမ် (၂၅.၇.၂၀၂၀) ရက်နေ့မှ(၁၄.၈.၂၀၂၀)ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာ ထားရှိမှုအရဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၂၅၁၅၃)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး ထံမှ သိရသည်။
နန်းမိုခမ်း