မင်းတုန်းမြို့နယ်တွင် NEP စီမံကိန်းဖြင့်ကျေးရွာမီးလင်းရေး လုပ်ငန်းဆောင်ရွက်

မင်းတုန်း ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အမျိုးသားလျှပ်ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်း ဖြင့်ကျေးရွာ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့်ဝန်ထမ်းများက ဘူးတောင်းကျေးရွာ၌ 100KVA ထရန်စဖော်မာ တပ်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၂ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျေးရွာတွင် 11KVA လိုင်းနှင့်ရွာတွင်း 400V လိုင်းများတည်ဆောက်ပြီးစီးပြီဖြစ်ပြီး ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် အိမ်သုံးမီတာများ တပ်ဆင်ပြီးပါက မင်းတုန်းလျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်သွားမည်ဖြစ်‌ကြောင်း မြို့နယ် လျှပ်စစ်မှူး ဦးထွန်းလွင်မှ ပြောကြားသည်။

ဘူးတောင်း‌ကျေးရွာမှ ၂၄ နာရီ လျှပ်စစ်မီးရရှိပါက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး ထင်းသုံးစွဲမှု လျှော့ချ သွားနိုင်မည်ဖြစ်၍ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ချင်းကလေး(NRDC)