ဝေါလေမြိုင် ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းအား ပြည်သူများလက်ဝယ်အ ရောက် ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများအရောက် သွားရောက်၍ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ်ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ဝေါလေမြိုင်ဒေသအတွင်းရှိ အိမ်ထောင်စု (၁၀၉၄) စုအတွက် ထောက်ပံ့ငွေစုစုပေါင်း (၂၁,၈၈၀,၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)