အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက တပေတတမော့ ကျေးရွာ၌ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။
Aug 18,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာသော မဲဆန္ဒရှင် စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 18,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများက Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မေတ္တာလင်းမြိုင်ကျေးရွာ မိုင်းချေးခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့သည်။
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီအသစ် ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးတွင် ပြုလုပ်သည်။
Aug 18,2020
လမ်းမတော်မြို့နယ်အတွင်း ရပ်ကွက်(၁၃)ရပ်ကွက်ရှိ ရွေးကေက်ပွဲကော်မရှင်ရုံးများမှ ပုံစံ(၃) ၊ ပုံစံ (၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များသည် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းများကို ယမန်နေ့မှစတင်၍ မြို့နယ်ရွေးကောင်ပွဲကော်မရှင်ရုံး ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 18,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသည် အားကစားလုပ်ငန်းများကို လူထုအားကစားအသွင်ဖြင့် စည်းရုံးလှုံဆော်ဆောင်ရွက်လျက်ရှိရာ “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” Exercise is Medicine အစီအစဉ်အရ Physical Fitness Dance လှုပ်ရှားမှုတစ်ရပ်ကို ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်တွင် အသက် ၆ လမှ  ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးပြီး၊ အသက်  ၂ နှစ်မှ ၅ နှစ်အထိကလေးငယ်များအား သံချဆေး
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ယူနစ် ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။