အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျှက်ရှိ သည့် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) စီမံကိန်း ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာအား စီမံကိန်းဝင်ကျေးရွာများအဖြစ် ရွေးချယ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာ(၄)ရွာအား ချေးငွေများ ထုတ်ချေးပေးလျှက်ရှိ ကြောင်းသိရသည်။
Aug 18,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စု၊ နတ်မင်းကြီးကျေးရွာ၌ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျေးလက်ဆင်းရဲမှုလျော့ချရေး အထောက်အကူပြု အသက်မွေးဝမ်းကျောင်း စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာများတွင် ဝင်ရောက် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁)ဦးရှိကြောင်း ကလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ   ဒေသခံတောင်သူများ အနေဖြင့် မိရိုးဖလာ လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျှက်ရှိရာ ဆီထွက် သီးနှံများ ဖြစ်သည့် နှမ်းနှင့်မြေပဲကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြသည်။
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေး ကာလ အတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လယ် (၂)နာရီမှစ၍ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။
Aug 18,2020
ကိုဗစ်-၁၉ စီးပွား​ရေးကုစားမှုအစီအစဉ်အရ မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ​ ကျေးရွာ​​ ၁၃ရွာ တွင်​ဆောင်ရွက်မည့်​ ကျေးရွာမတည်​ရန်ပုံ​ငွေစီမံကိန်း(VRFP)ရန်ပုံ​ငွေလွှဲ ​ပြောင်း​ပေးအပ်ပွဲကို ယ​နေ့နံနက်၁၀နာရီ က မြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီစဉ်အရ မိုးစပါး (RS to CS) မျိုးစေ့ထုတ်ကွက်များကို စနှစ်တကျ စိုက်ပျိုးလျက်ရှိရာ အရာတော်မြို့နယ်၊ ဇရစ်နည်းပညာပေး စင်တာနယ်မြေအတွင်း တောင်သူ မျိုးစေ့ထုတ်ကွက် လျာထား ဧက(၁၀၀)တွင် (၇၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။