ငါန်းဇွန် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြေားကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်းက မဲစာရင်းများကို မြို့နယ်အတွင်းမဲရုံ (၁၄၂) ရုံအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၁၄ ရက်နေ့အထိ ကပ်ထားကြေညာပေးခဲ့ရာ မဲစာရင်းလာရောက်ကြည့်ရှုသူ (၂၁၄၁၇) ဦး၊ ပုံစံ (၃) ဖြင့် လျှောက်ထားသူဦးရေ (၁၀၂၈) ဦး၊ ပုံစံ (၄) ဖြင့် ကန့်ကွက်သူဦးရေ (၈၈၆) ဦးနှင့် ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်သည့်ဦးရေမှာ (၅၄၃) ဦးရှိပြီး မဲစာရင်းပြင်ဆင်ရေးကို ဩဂုတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အတွင်း အပြီးဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အငြင်းပွားမှု/ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်မီဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန် စသည့်မဲစာရင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)