အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီက ပဉ္စမအကြိမ်မြောက် စီမံကိန်း လည်ပတ်ရန်ပုံငွေကို ကျေးရွာအရောက်သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးကြောင်း သိရသည်။
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ (ဒုတိယအကြိမ်) ထောက်ပံ့သော ငွေကျပ်နှစ်သောင်းအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမအကြိမ် ထုတ်ပြန်ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်းများ၏ မဲစာရင်း ထည့်သွင်းရန်၊ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်ပေး လျက်ရှိ‌ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
Aug 18,2020
ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံ၍ ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာနေ ဦး---သည် နေအိမ်၌ရှိနေစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် နေအိမ်ရှေ့ လက်ဖက်ရည်ဆိုင်ရှိ ကို---မှ ဦး----၏ဇနီး ဒေါ်---အား ကန်သာယာကျေးရွာ ရေကန်ဘောင်အနီး တွင် တစ်ရွာတည်းနေ မင်းမြတ်ဦး(ခ)ပလုံးမှ ဓါးနှင့်လိုက်ခုတ်နေကြောင်း အော်ပြောသဖြင့် ရေကန်ဘောင်သို့ သွားရောက်ခဲ့ရာ ဇနီးဖြစ်သူ စီးနင်းသည့် ဆိုင်ကယ်မှာ လဲကျနေပြီး ဆိုင်ကယ်အနီးတွင် ဒေါ်---မှာ သွေးများထွက်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ ဖန်ခါးကုန်း ကျေးရွာ၊ တောဖျားကျေးရွာ၊ ရှော်ဖြူချောင်ကျေးရွာတို့တွင်
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆေးဆိုင်၊ ဆေးခန်းများ လိုင်စင်သစ် နှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ပူးပေါင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ပူးပေါင်းစစ်ဆေးခဲ့သည်။