အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦးကို စတင်တွေ့ရှိကြောင်း သိရသည်။
Jul 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူးတို့ ကျေးရွာတွင် သောက်သုံးရေ အလုံအလောက်ရရှိစေရန်ရည်ရွယ်၍ ထားဝယ်မြို့နယ်၊ ကူးတို့ကျေးရွာနှင့်ကနိုင်းဒါ ကျေးရွာများ၌ ရေပေးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်‌နေ့ နံနက် ၈ နာရီက မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ပညာပေးခဲ့ကြောင်း သိရသည်။
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့သစ်ဈေးတွင် ယမန်နေ့ နံနက်(၈)နာရီ အချိန်က တာဝန်ရှိသူများ က နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တောင်သူ လယ်သမားများ၏ စိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇူလိုင် ၈ ရက် ယနေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌   ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီကျင်းပခဲ့သည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက် သွားလာသူများမှ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများ မေးတွင်ချိတ်ထားသူများ အား ဒဏ်ရိုက်အပစ်ပေး ခြင်းများကို မိုဘိုင်းစစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံနှံ့မှုများရှိနေပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိနေကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး ၊ဒလမြို့နယ်၌ မြန်မာနိုင်ငံစာရေးဆရာအသင်း မြို့နယ်စာရေးဆရာအသင်းဝင်များအား ဆန်၊ ဆီ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့  အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့သည်။