Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြည့်မြင်တိုင်မြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 09,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက သီတာရပ်ကွက် ကမ်းနားလမ်း သီရိမဂ်လာဈေးဟောင်းရှေ့ ရေမြောင်းရှင်းလင်းမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ရှင်းလင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရ…
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ခြင်းနှင့် စစ်ဆေးခြင်းများကို ယနေ့ နံနက်(၉)နာရီအချိန်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၁၁၈)ဦးတွေ့ရှိ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်နှုန်းမြင့်မားလျက် ရှိရာ ဇူလိုင်လ (၇)ရက်နေ့အထိ ရောဂါရှာဖွေတွေ့ရှိသူ ဓာတ်ခွဲ အတည်ပြုလူနာ (၁၁၈)ဦး တွေ့ရှိ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များဖြန့်ဝေ
Jul 08,2021
နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး အခမဲ့ဖြန့်ဝေခြင်းကို ဇူလိုင်လ (၈) ရက်နေ့ နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့လမ်း၌ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့အတွင်းရှိ ရောင်းချခွင်ပြုသည့်အရောင်းဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ရောင်းချခွင့်ပြုထားသည့်အရောင်း ဆိုင်များ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းများနှင့်အညီ ရောင်းချ မှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်းနှင့် မိုးကုတ် Quarantine Center တို့တွင် သောက်ရေသန့်များ လာရောက်လှူဒါန်း
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်းနှင့် မိုးကုတ် Quarantine Ceter တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် သောက်ရေသန့်များကို Queen Mary ကုမ္ပဏီမှ ယနေ့နေ့လည် ၂ နာရီအချိန် က လာရောက်လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့ပေါ်ရှိ စားသောက်ဆိုင်များ (Take Way) ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Jul 08,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ပေါ်ရှိ စားသောက်ဆိုင်များအား လတ်တလောကူးစက်ဖြစ်ပွား လျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့် ဆိုင်ထိုင်စားသောက်မှုစနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ကျန်းမာရေးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (Take Way) ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့ဝင်စစ်ဆေးရေးဂိတ်အနီးရှိ Quarantine Centre အားကြည့်ရှုစစ်ဆေး
Jul 08,2021
ဟိုပန်မြို့ဝင်စစ်ဆေးရေးဂိတ်အနီးတွင် ထားရှိမည့် Quarantine Centre အား “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀)နာရီအချိန် က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26192
Page
26193
Page
26194
Page
26195
Current page
26196
Page
26197
Page
26198
Page
26199
Page
26200
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department