ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁)ဦး စတင်တွေ့ရှိ

ကရသူရိ ဇူလိုင် ၉
 
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦးကို စတင်တွေ့ရှိကြောင်း သိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ အတည်ပြု လူနာသည်ပြီးခဲ့သည့် ရက်ပိုင်းအတွင်က မြိတ်မြို့မှ ပြန်လည်ရောက်ရှိလာ ခြင်းဖြစ်ပြီး ယနေ့တွင် လူနာသည် ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာသည့်အတွက် မြို့ပြည်သူ့ဆေးရုံသို့ လာရောက်ပြသ ရာတွင် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ၎င်းလူနာအား ကရသူရိမြို့ ပြည်သူ့ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက်ရှိပြီး မိသားစုဝင်များကို မိမိနေအိမ်တွင် Lowdown ချ၍ Quarantine ထားရှိကာ Swab နမူနာရယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့ကုသရေးဦးစီးဌာန၊ တာဝန်ခံဆရာဝန်ထံမှ သိရသည်။