Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇေယျာသီရိမြို့နယ်အတွင်းရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ကွင်းဆင်းကြည့်ရှု
Jul 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သင်ကြားနေမှုရှိ/မရှိကိုယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်
Jul 08,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယနေ့ နေ့လယ် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ လေးဖာထောကျေးရွာသို့ ကွင်းဆင်း၍ ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ ကိုဗစ်(၁၉) စောင့်ကြည့်ကုသဆောင်များသို့ Oxygen အိုးများလှူဒါန်း
Jul 08,2021
လားရှိုးမြို့နယ်၊ ကိုဗစ်(၁၉)ကာကွယ် ကုသထိန်းချုပ်ရေးကော်မတီထံသို့ အလှူရှင်များက Oxygen အိုးများလာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့တွင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပိုးသတ်ဆေးများဖြန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့အဝင် အထွက်ဂိတ်များ ထားရှိ၍ စစ်ဆေးမှတ်တမ်းတင်ခြင်း၊ ခရီးသွားများ ၊ လမ်းသွားလမ်းလာများအား အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အပူချိန်မြှင့်တက်မှု၊ ထူးခြားမှုရှိသူကို တွေ့ရှိက မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုခံယူစေခြင်း၊ သတ်မှတ်ထားသော Quarantine Center များတွင် ကြီးကြပ်စောင့်ကြည့်ရေးစခန်းများ ဆောက်လုပ်ခြင်း၊ တာဝန်ချထားဆောင်ရွက်ခြင်း၊ Quarantine Center ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးခြင်း၊ ကြီးကြပ် ထောက်ပံ့ရေး အဖွဲ့များမှ လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (Stay at Home ) သတ်မှတ်ထားသော မြို့နယ်များ၌ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကြပ်မတ်
Jul 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားလာသည့်အတွက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျဉ်းမနား-တောင်ညိုလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်နယ်စပ်)၊ နေပြည်တော်ကောင်စီလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် နယ်စပ်)၊ တော်ဝင်ရတနာလမ်း (ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် နယ်စပ်)၊ ရာဇသင်္ဂဟလမ်း (ရေပန်းဥယျာဉ်ပေါက်ရှေ့)၊ နန်းချွန်လမ်းဆုံ၊ ဇမ္ဗူသီရိဆေးရုံလမ်း (ချိုင်းရွာလမ်းဆုံ)၊ တော်ဝင်ရတနာလမ်း (ရွှေကြာပင်မီးပွိုင့်)၊ ရာဇသင်္ဂဟလမ်း (ဂေါက်ကွင်းထိပ်)၊ ဉာဏ အောင်မြေလမ်း (MICC-2)ရှေ့နှင့် နေပြည်တော်မြို့ပတ်လမ်း (V-4 လမ်းဆုံ) တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက အဖွဲ့ (၁၀) ဖွဲ့ခွဲကာ Stay at Home နှင့် စပ်လျဉ်းသည့် အမိန့်ကြေညာချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ယနေ့နံနက်ပိုင်းမှ စတင်ကာကြပ်မတ် စစ်ဆေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေများ လှူဒါန်း
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းတစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ က အလှူငွေကျပ်တစ်သိန်း၊ ဦးစိုင်းထွန်း (Myanmar Founder ကုမ္ပဏီလီမိတက်) မှ အလှူငွေကျပ်တစ်သိန်း၊ အမှတ်(၈)ရပ်ကွက်မှ ဦးနွဲ့စိုင်းလုံနှင့် ဦးစိုးဝင်းတို့က အလှူငွေကျပ်ငါးသောင်းစီနှင့် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်တစ်သိန်းကို ယနေ့တွင် ထောက်ပံ့လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaignပြုလုပ်
Jul 08,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaignကို ယနေ့နံနက်(၇)နာရီက ဟိုပန်မြို့မ ဈေးထိပ်တွင် ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ နှာခေါင်းစည်း Mask အခုရေ(၂၀၀၀)နှင့် တစ်ခါသုံးလက်အိပ်အခုရေ(၅၀၀)တို့အား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26195
Page
26196
Page
26197
Page
26198
Current page
26199
Page
26200
Page
26201
Page
26202
Page
26203
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department