ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့သစ်ဈေးတွင် ယမန်နေ့ နံနက်(၈)နာရီ အချိန်က တာဝန်ရှိသူများ က နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့သစ်ဈေးရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ ကို အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများ၊ ဈေးခရိုင်ရုံး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများနှင့် တာဝန်ရှိသူ များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် နှာခေါင်းစည်း များ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်းဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန် မှုဖြင့် ဈေးတာဝန်ခံများ နှင့် ဝန်ထမ်းများက နေ့စဉ် အသံချဲ့စက်ဖြင့် ဈေးအတွင်းသို့ လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်းစရာများစသည်တို့ကို အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို