ပြည် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တောင်သူ လယ်သမားများ၏ စိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇူလိုင် ၈ ရက် ယနေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီကျင်းပခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်မြို့နယ် အနောက်လက်ခုပ်ပင်အုပ်စုနှင့်သစ်ချီတင် ကျေးရွာအုပ်စုတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တောင်သူ (၃၃)ဦး၏ စပါးစိုက်ဧက (၈၄) ဧကအအတွက် ထောက်ပံ့ငွေ (၈)သိန်းလေးသောင်းကျပ်ကို တာဝန်ရှိသူများက တောင်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ယင်းအပြင် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေအဖြစ် အင်းဝင်းကျေးရွာ အုပ်စုမှ ဝါစိုက်တောင်သူ(၇၃)ဦး၏ ဝါစိုက်ဧက(၆၃)ဧကအတွက် ငွေကျပ် (၆)သိန်းသုံးသောင်းကျပ်၊ အနောက်ရွာသစ်အုပ်စုမှ တောင်သူ(၂)ဦး၏ ကြယ်ပဲစိုက်(၂)ဧကနှင့်ရာဘာ(၄)ဧကတို့အတွက် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ (၁)သိန်းနှစ်သောင်းကျပ် ၊မြောင်းဆုံကျေးရွာအုပ်စုမှ တောင်သူတစ်ဦး၏ မတ်ပဲ(၂)ဧကအတွက် ငွေကျပ်(၁)သောင်းအပါအဝင် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၆)သိန်းအား တောင်သူများထံပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကိုဆက်