Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Jul 09,2021
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုနှုန်းတတိယလှိုင်းအဖြစ် အသွင်ပြောင်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့ ယာယီဈေးနှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အုပ်ချုပ်းရေးမှူးနှင့် တာဝန်ရှိသူများတို့က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံပြည်သူများသို့ နှိုးဆော်မှုများ ပြုလုပ်
Jul 09,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (၈-၇-၂၀၂၁) ရက်နေ့မှ (၂၂-၇-၂၀၂၁) ရက်နေ့ထိ မြို့နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် မြို့အဝင် ကိုဗစ်(၁၉) ရောဂါ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း၍ မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာအသီးသီးသို့ သွားလာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ရပ်ကွက် ကျေးရွာ အုပ်စု အတွင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ပြီး ထောက်ခံချက်မပါလျှင် သတ်မှတ်နေရာတွင် Quarantine ဝင်ရောက်စေခြင်း (သို့မဟုတ်) ၎င်းဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လည်စေလွှတ်ခြင်းတို့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့၌ Stay at Home မြို့နယ်များမှပြန်လာသူများအား အသွားအလာကန့်သတ်ထားရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူများအား အသွားအလာကန့်သတ် ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့နယ်၊ ရွာသစ်အုပ်စုရှိတောင်နဝင်းကြားဖြတ်စခန်းနားနေဆောင်ခန်းမအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ရွာသစ်ကျေးရွာနှင့်ကြို့ပင်သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေး
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ပြီး သွားလာကြရန် အသိပညာပေးပြီး Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန် က နမ့်မိန်ချောင်းတံတားလမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Quarantine Center များကို ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့များဖြင့် နေ့စဉ် ကွင်းဆင်းစစ်ဆေး
Jul 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ Community Based Facility Quarantine Center များအဖြစ် မြို့နယ်ခန်းမ၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မိုင်းကိုင်တည်းခိုခန်း(၂) တို့ တွင် သတ်မှတ်ထားရှိပြီး ရပ်ဝေးမှပြန်လည် ရောက်ရှိလာသူများ၊ သံသယဖြစ်သူများကို ထိန်းသိမ်း စောင့်ကြည့်နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိပြီး လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့များဖြင့် နေ့စဉ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀ ဦး စစ်ဆေးတွေ့ရှိ
Jul 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းမှ ညနေ ၆နာရီအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၁၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၄) ဦး ထပ်မံ တွေ့ရှိခဲ့၍ စုစုပေါင်းအတည်ပြု လူနာ(၄၄)ဦး ထိရှိလာ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26187
Page
26188
Page
26189
Page
26190
Current page
26191
Page
26192
Page
26193
Page
26194
Page
26195
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department