အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တား ဆီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ယနေ့နံနက်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့မှ လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အနေဖြင့် လူစည်ကားရာ နေရာများဖြစ်သည့် ပလိပ်လမ်းဆုံနှင့်ပလိပ်စျေးတို့တွင် ယနေ့နံနက်(၇)နာရီခွဲက နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ(၃)ရွာအား Cash for Work စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ သူများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုကြပ်ပြီး မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသခဲ့သူများအား ဇူလိုင်(၆)ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၆ နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၀)ဦး မှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာဦးစီးဌာနသို့ ကျောက်ပန်းတောင်း တပ်နယ်မိသားစုများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တစ်ခါသုံး Mask အခုရေ (၃၀၀၀) ပေးအပ် လှူဒါန်းခြင်းကို၊ ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ(Stay At Home) ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပထွက်ခွါသွားလာသည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စည်ကမ်းချက် များကို လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားများကို ထောက်ခံစာပါမပါ စစ်ဆေးခြင်း၊ နေအိမ်ပြင်ပ ထွက်ခွာခွင့်ကဒ်များ ပါမပါစစ်ဆေးခြင်း၊ Mask များအခမဲ့ဖြန့်ဝေ ပေးခြင်းဖြင့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်း မြို့အဝင်ကြိုဆိုပါ၏ လမ်းဆုံ၊ငါးသိုင်းချောင်း-လေးမျက်နှာ-အိုင်သပြု လမ်းထိပ် နေရာများတွင် ရေကြည်မြို့နယ်နှင့် ငါးသိုင်း‌ချောင်းမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ တာဝန်ရှိ သူများ၊ဌာနဆိုင်ရာများ၊ ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်း အဖွဲ့ဝင်များက နေအိမ်ပြင်ပထွက်ခွာတိုင်း (mask)နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 09,2021
ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်​-၁၉​ရောဂါထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ ကော်မတီအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးရုံး ခန်း၌ ကျင်းပခဲ့သည်။