ရေဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချရေးစစ်ဆေး

ရေဖြူ ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်‌နေ့ နံနက် ၈ နာရီက မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ပညာပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ လမ်းဘေး မုန့်ဆိုင်ရောင်းချ သူများကို စားသုံးသူများအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး၊ ဈေးရောင်းချရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း အကာ အကွယ် Mask နှင့် မျက်နှာကာ Face Shield များ တပ်ဆင်ရောင်းချရေး၊ လူစုလူဝေး မဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များအား လိုက်နာ၍ ဈေးရောင်းချ ရေးတို့ကို စစ်ဆေးပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။