ထားဝယ် ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူးတို့ ကျေးရွာတွင် သောက်သုံးရေ အလုံအလောက်ရရှိစေရန်ရည်ရွယ်၍ ထားဝယ်မြို့နယ်၊ ကူးတို့ကျေးရွာနှင့်ကနိုင်းဒါ ကျေးရွာများ၌ ရေပေးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်ဆွေက လက်တူးတွင်းတူးဖော်ခြင်း လုပ်ငန်းနှင့် စင်မြင့်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို စံချိန်စံညွှန်းနှင့် အညီကိုက်ညီမှုရှိ / မရှိ ကြည့်ရှု့စစ်ဆေးပြီး ကျေးရွာသူ/ကျေးရွာသားများအားရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းကြစေလို ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထားတယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှမွမ်းမံရန်ပုံငွေများဖြင့်ကူးတို့ကျေးရွာတွင် စင်မြင့်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း(၁၀’x ၁၀’x ၄’/ ၂၀’H/ ၂Ø’’,၅၀၀၀’) နှင့်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကနိုင်းဒါကျေးရှိလက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကူးတို့ကျေးရွာရှိ အိမ်ခြေ ၂၅၃ အိမ်၊ လူဦးရေ ၁၇၇၉ ဦး၊ကနိုင်းဒါကျေးရွာရှိ အိမ်ခြေ ၃၁၄အိမ်၊ လူဦးရေ ၁၈၃၁ ဦးအား အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်