အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ဖျားနာလူနာများအား (အခမဲ့) ကုသပေးသည့် သုခတုပ်ကွေးဆေးခန်းကို သဲကုန်းရပ်ကွက် အောင်သပြေလမ်းတွင်ဖွင့်လှစ်ပြီး  ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 09,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော် မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း  လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Jul 09,2021
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ သံသယလူနာများ အား ပြည်သူ့ဆေးရုံနှင့် လိုင်တွီးကျေးရွာ၌ ယမန်နေ့စုစုပေါင်း(၂၄)ဦး စစ်ဆေးရာ(၄)ဦး တွင်ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်းသိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့မဈေးအတွင်းတွင် ယနေ့နေ့လည် (၁၁) နာရီအချိန် က မြို့နယ်စည်ပင်သာယာရေးဌာနမှ ပိုးသတ်ဆေးရည်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးသော တောင်သူ လယ်သမားများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့သည်။
Jul 09,2021
လားရှိုးမြို့၌ ကိုဗစ်(၁၉) အတည်ပြုလူနာများအားလားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသ ရေးအဆောင်များသာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့် ကုသရေးအဆောင်၊ ပညာရေးကောလိပ်စောင့်ကြည့် ကုသရေးအဆောင်များကိုထပ်မံဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက်ရှိသည်။