ပြည် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးသော တောင်သူ လယ်သမားများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြား သည်။ ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စုမှ သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးသော တောင်သူ (၁၁)ဦး၏ မိုးစပါး၊ ဟင်းသီး ဟင်းရွက်နှင့် ရေသွင်းနှမ်း စုစုပေါင်း စိုက်ဧက (၂၀)အတွက် တစ်ဧကလျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေ ကျပ် သိန်း(၄၀) ကို တာဝန်ရှိသူများက တောင်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကိုဆက်