အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်း များ အဆင့်မြင့်ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက် ပေးလျက်ရှိရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျန်စစ်သားလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုကို ဇူလိုင်လ ၈ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jul 09,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပညာပေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်နေ ကြောင်း သိရသည်။
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှ ရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၁၅၈)ကျောင်းတွင် ပညာသင်ကြားနေ ကြသော ကျောင်းသား/သူ(၁၅၉၉၆)ဦးနှင့် ဆရာ/မများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ အကာအကွယ်Mask တပ် ဆင်သွားလာရေး MaskCampaign ကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့သည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီခွဲက နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် ပြန်/ဆက် ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2021
နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဥပဒေ နှင့်အညီ မှတ်ပုံတင်ပြီး တရားဝင်စီးနင်းသွားလာနိုင်ရန်၊မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ လျော့နည်း ပပျောက် စေရန်၊ နိုင်ငံတော်က ရသင့်ရထိုက်သောအခွန်ဘဏ္ဍာများဆုံးရှုံးမှုမရှိစေရန်၊ မြို့ပြ ကျေးလက်နေ ပြည်သူ များ သွားလာမှုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတိုးတက်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ One Stop Service စနစ်ဖြင့်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားထားချက်အရ သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရေး အတွက် မြို့နယ်ပြည်သူခန်းမတွင် ယာယီကုသရေးဌာနအဖြစ် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။