တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးရာ ပိုးတွေ့(၄)ဦး ထပ်မံတွေ့ရှိ

တီးတိန် ဇူလိုင် ၉
 
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ သံသယလူနာများ အား ပြည်သူ့ဆေးရုံနှင့် လိုင်တွီးကျေးရွာ၌ ယမန်နေ့စုစုပေါင်း(၂၄)ဦး စစ်ဆေးရာ(၄)ဦး တွင်ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့ လူနာများသည်အမျိုးသား(၂)ဦးအမျိုးသမီး(၂)ဦးဖြစ်ပြီး၊ ဇူလိုင်၈ရက်နေ့တွင် ကျန်းမာရေ ပြန်လည်ကောင်းမွန်၍ဆေးရုံမှ ဆင်းခွင့်ရ သူ(၁၂)ဦး၊သေဆုံးသူ(၁)ဦးရှိကြောင်း တီးတိန်မြို့ပြည်သူ့ဆေးရုံ တာဝန်ရှိသူများထံမှသိရသည်။