အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေလမ်းခရီးသွား ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Life Jacket အသက်ကယ်အင်္ကျီ များစနစ်တကျဝတ်ဆင်ပြီး ခရီးသွားလာနိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ ဘုတ်ဆိပ်၊ စက်လှေဆိပ်များသို့သွားရောက်ပြီး ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူ များကို အသက်ကယ်အင်္ကျီ(LifeJacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 09,2021
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ အောင်တံခွန်ရပ်ကွက် မြို့နယ်အားကစားကွင်းအနီးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံး၊ အားကာမှူးရုံး/အိမ်ရာ RC ၁ထပ်၊ ၄ ခန်းတွဲ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။
Jul 09,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ဖွင့်လှစ်ရောင်းချ နေသည့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အတွက် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါတယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရမည်ဟု ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်အသိပေးကြောင်း သိရ သည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရေးရည်ရွယ်ကာ ယနေ့ နံနက်ပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရုံးရှေ့၌ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 09,2021
ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၆/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူ(၃၃)ဦးကို Swab ယူ စစ်ဆေးရာ (၁၃)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးပေးသော ဒေသနွားပြာစိမ်းလွှဲပြောင်းပေးအပ်ခြင်း ကို ယနေ့နံနက် ၉ နာရီက လွယ်ဆောင်ကျေးရွာအုပ်စု၊ ဘာထန်ကျေးရွာတွင်ကျင်းပသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ ၊ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက် ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ(၄၆) ဦးတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ ( RDT Test Kit ) ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ ခွဲ အချိန်တွင် (၁၃) ဦး ပိုးတွေ့ရှိခဲ့ ပြီး နှောကန်တိုက်နယ်ဆေးရုံမှ တစ်ဦး စုစုပေါင်း(၁၄)ဦး ထပ်မံပိုးတွေ့ရှိခဲ့ ကြောင်းသိရသည် ။