အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် We Love Natogyi အဖွဲ့တို့ဦးဆောင်ပြီး ယနေ့နံနက်တွင် ဒုတိယ အကြိမ် (RDT ) ဖြင့် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 09,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌သိပ္ပံနည်းကျကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကိုယနေ့နံနက်၉နာရီကဘဲရမ်းကျေးရွာရှိစိုက်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 09,2021
ပန်းတောင်း‌မြို့နယ်အတွင်းရှိ ဈေးများ၊ အားလုံးနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များ အားလုံးကို ယနေ့နံက်ပိုင်းမှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် Quarantine Center (၂)နေရာ၌ Facility Quarantine ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့အဝင် တိုးဂိတ်တွင် နံနက် ၆ နာရီမှ ည ၉ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဇရပ်လှ အ.ထ.က(ခွဲ) Quarantine Centre တွင် ထားရှိသူများကို ယမန်နေ့ နေ့လယ်ပိုင်းက အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 09,2021
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။