ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယာယီပိတ်ထားလျက်ရှိ

ညောင်လေးပင် ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇူလိုင်လ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွား ပွားမှု များပြားလာနေသည့်အတွက် နေ့စဉ် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာများ တွေ့ရှိနေ ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများပြားလာနေသည့်အတွက် ညောင်လေးပင်မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ()ကျောင်း၊ အလယ်တန်း ကျောင်း (၁၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၀၈)ကျောင်း မူလတန်းကျောင်း (၁၀)ကျောင်းနှင့် မူလတန်းကျောင်းခွဲ()ကျောင်း စုစုပေါင်း (၁၇၇)ကျောင်းအား ဇူလိုင်လ ရက် ယနေ့မှစ၍ ဇူလိုင်လ ၂၃ နေ့အထိ ယာယီပိတ်ထား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။