ကိုဗစ်-၁၉ရောဂါများ ဖြစ်ပွားရာကာလအတွင်း သုခတုပ်ကွေးအခမဲ့ဆေးခန်းတွင် ဖျားနာရောဂါများ ကုသ ပေးလျက်ရှိ

ကြို့ပင်ကောက် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ဖျားနာလူနာများအား (အခမဲ့) ကုသပေးသည့် သုခတုပ်ကွေးဆေးခန်းကို သဲကုန်းရပ်ကွက် အောင်သပြေလမ်းတွင်ဖွင့်လှစ်ပြီး  ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သုခတုပ်ကွေး (အခမဲ့) ဆေးခန်းကို ကြို့ပင်ကောက်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဒေါ်ခင်သန်းနိုင်ဦးစီးသော သူနာပြုတပ်ဖွဲ့ဝင်များ မြို့နယ်အတွင်းမှဆရာဝန်များ နေ့စဉ်ပိတ် ရက်မရှိ ဖွင့်လှစ်စစ်ဆေးကုသပေးလျက်ရှိရာ လူနာအရေအတွက်များပြားလာခြင်း လူနာများအားဖြည့်ဆည်း ပေးရန် ထိုးဆေးနှင့် သောက်ဆေးတို့ဝယ်ယူရန် အခက်အခဲရှိနေခြင်းတို့ကြောင့် ဇူလိုင်လ ၉ ရက်နေ့မှစ၍ တစ်ပတ်လျှင် အင်္ဂါနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့တို့သာ ဖွင့်လှစ်ပေးသွားတော့မည် ဖြစ်ကြောင်း တစ်ရက်လျှင် ပျမ်းမျှလူနာ ၂၀ ဦးခန့်ကုသပေးနေရကြောင်း  လိုအပ်လျက်ရှိသော ဆေးနှင့် အထောက်အကူပြု ပစ္စည်းများဝယ်ယူသုံးစွဲနိုင်ရေးအတွက် လှူငွေများဆက်သွယ်လှူဒါန်းလိုပါက ဒေါက်တာဇော်လင်းအောင် ၀၉၅၃၇၄၅၆၄၊ ဒေါက်တာဇော်မျိုးလင်း ၀၉၂၆၀၅၀၆၁၆၆၊ ဒေါက်တာမျိုးဇင်ဦး ၀၉၄၃၀၄၂၄၁၁၊ ဒေါက်တာရန်ပိုင်ဖြိုး ၀၉၇၇၃၅၃၄၉၈၉၊ ဒေါ်ခင်သန်းနိုင် ၀၉၄၃၀၅၆၉၃၀နှင့် CB bank account 3571083072720138 တို့သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ သုခတုပ်ကွေးဆေးခန်းအား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့မှစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တာဝန်ခံဆရာဝန်များ နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ အလှည့်ကျ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း