Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် Covid-19 ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ဒေသတွင်း နေထိုင်သော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကလိုရင်းဆေးရည်(ပိုးသတ်ဆေး)များ ပက်ဖျန်း ခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသအတွင်း၌ လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့ အဝင်အထွက်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၉)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပါးစပ်နှာခေါင်း စည်းများ စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်းများဆောင်ရွက်
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၉)နာခွဲက ကံဦး ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း မီးပွိုင့်လမ်းလမ်းဆုံနှင့် တံစိုးဂိတ်ရပ်ကွက်၊ တံစိုးလမ်းဆုံများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်ခရိုင် ဆေးရုံကြီးသို့ ကိုဗစ်လူနာများအတွက် အောက်စီဂျင် အသက်ရှူစက်များ လာရောက်လှူဒါန်း
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ခရိုင် ပြည်သူ့ဆေးရုံသို့ ကိုဗစ်- ၁၉ လူနာများအတွက် အောက်စီဂျင် အသက်ရှုစက် ၄ လုံးကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ နေအိမ်ပြင်ပထွက်ခွာ သွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများအား စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကာ ယနေ့ နံနက် ၈နာရီအချိန်မှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို ကော့ကရိတ်မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောမိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ကနောင်လုံအရှေ့ကျေးရွာ တောင်သူ ဦးအောင်ရွေ၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုး ဆောင်ခြင်းများဆောင်ရွက်
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ည(၇)နာရီက မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့အဝင်/အထွက် တံတားထိပ်နေရာ၌ COVID-19 ကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏ အဝင်/ အထွက်နေရာ ဖြစ်သော တနင်္သာရီတံတားထိပ်(အောက်ကင်းဘက်ခြမ်း)ရှိ နဂါးရုပ်တုအရှေ့ ယာယီမဏ္ဍပ်နေရာ၌ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇ ပြောင်းလဲသော ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ၁၀ ရက်နေ့စ၍ နေ့စဉ်နံနက် ၉နာရီ အချိန်မှ မွန်းလွှဲ၃နာရီ၃၀အထိ ဖွင့်လှစ်၍ တိုင်းဒေသကြီး/ပြည်နယ်ကျော်မှ လာရောက်မည့် ခရီးသွားပြည်သူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကျော်သို့ သွားရောက်မည့် ခရီးသွား ပြည်သူများအား အဓိကထား၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26162
Page
26163
Page
26164
Page
26165
Current page
26166
Page
26167
Page
26168
Page
26169
Page
26170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department