ကျောက်ဆည် ဇူလှိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၉)နာခွဲက ကံဦး ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း မီးပွိုင့်လမ်းလမ်းဆုံနှင့် တံစိုးဂိတ်ရပ်ကွက်၊ တံစိုးလမ်းဆုံများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များ ပူးပေါင်းပြီး ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေး တို့အတွက် မိမိတို့နေအိမ် အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ နေအိမ်အပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်များကိုစနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ် ဘဲမသွားကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆို်ငရာနည်းလမ်း များကို တိကျစွာလိုက်နာဆောင်ရွက်ကြစေရေး အသိပညာ ပေးခြင်းများ ရှင်းလင်းပြောကြားခဲ့ပြီး ပါးစပ နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဇွန်လ(၁)ရက်နေ့မှ ဇူလှိုင်လ(၁၁)ရက် နံနက်(၉)နာရီ အချိန် ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူအမျိုးသား(၁၃၂)ဦး၊ အမျိုးသမီး (၆၄)ဦး၊ စုစုပေါင်း(၁၁၆၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည် ဆင်းခွင့်ရရှိသူ အမျိုးသား(၅၄)ဦး၊ အမျိုးသမီး(၃၂)ဦး စုစုပေါင်း (၈၆)ဦးရှိ ကြောင်း နှင့် ဆေးကုသမှု ခံယူနေသူအမျိုးသား(၇၀)ဦး၊ အမျိုးသမီး (၃၁)ဦး စုစုပေါင်း(၁၀၁)ဦးရှိ၍ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း(၉)ဦးရှိကြောင်း အထွေထွေ ရောဂါကုပြည်သူ့ ဆေးရုံကြီးမှသိရှိရသည်။
သက်မောင်(ကျောက်ဆည်)