အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့မရပ်ကွက်၊ မင်းလမ်း အောင်မေတ္တာစိန်ရွှေရတနာဆိုင်မှ ယနေ့ နံနက်ပိုင်းက အနှေးယာဉ် လုပ်သားများအား စားသောက်ကုန်ပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ် (၇)ရပ်ကွက်၊ ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်း တိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ(၅၂)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Jul 11,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုဖြင့် အောင်ပွဲရရှိခဲ့သည့် ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jul 11,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇွန် ၁၈ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၂၁၀)ရှိပြီဖြစ်ရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ် အမှတ်(၄)တပ်နယ်မှူးကြီး စောမုတ်သုန်နှင့် ဇနီး ဒေါ်ဖောဖောတို့အား အမှူးထား၍ တပည့်သားသမီးများမှ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ ညနေ ၁နာရီခွဲအချိန်က အမှတ် (၇)ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌  ယနေ့ မွန်းတည့် ၁၂ နာရီခွဲ အချိန်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသစ်(၁)ဦး ထပ်မံတွေ့ရှိကြောင်း ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
Jul 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ လူနာ အမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦး တွေ့ရှိကြောင်း ကျောက်မဲပြည်သူ့ဆေးရုံ၏ အတည်ပြုချက်များအရ သိရသည်။