ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုး ဆောင်ခြင်းများဆောင်ရွက်

ကျောက်ဆည် ဇူလှိုင် ၁၂
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ည(၇)နာရီက မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောက်ဆည်မြို့ပတ်လမ်းတစ်လျှောက်နှင့် ရပ်ကွက်များအတွင်းလမ်းများသို့ အသံချဲ့စက်ဖြင့် လှည့်လည်ကာပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့နေအိမ် အတွင်း၌သာနေထိုင်ကြရန်၊ မလိုအပ်ဘဲနေအိမ်အပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်များကိုလည်း စနစ်တကျဆေးကြောကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)