အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျောက်ဖူးကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာများနှင့် ထိတွေ့ခဲ့သူများ အားစနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင် ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်သို့ ထွက်တိုင်းနှာခေါင်းစည်း (mask) မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ကို မြို့မဈေးနှင့် ကားဂိတ်များ၊ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူများနှင့် ထိစပ်သူ(၁၁၄)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ရာ(၄၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
Jul 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ ဆေးရုံ၌ ကျင်းပခဲ့သည်။
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၁ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၆၇ ဦး တွေ့ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  သိရသည်။
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည် Mask  မဖြစ်မနေ တပ်ဆင်သွားလာရေး  အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က  တောင်ငူ-လိပ်သို ကားလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 12,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးနှောင်းချည်မျှင်ဝါ အထူးဇုံ ဧက(၁၀၀)အတွက် ဝါမျိုးစေ့နှင့် လူးနယ်ဆေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
Jul 12,2021
ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအစီအစဉ်ဖြင့် သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်စ္စည်းများကို ယမန်နေ့၊ ညနေပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။