အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုနှုန်း မြင့်တက်လျှက်ရှိရာ မြို့နယ်အတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် ရွှေဝါရောင်ကုမ္ပဏီမှ အောက်ဆီဂျင်နှင့် အလှူငွေများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် စည်ပင်သာယာမြို့မဈေးနှင့်ယာယီပျံကျဈေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စတင်၍ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စခန်းကြီးကျေးရွာမှ စခန်းကြီးတောရကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် သံဃာတော်တစ်ပါး ကိုဗစ်အတည်ပြုလူနာ၏ မိသားစုဝင်များနှင့် ထိတွေ့ခဲ့မှု ကြောင့် ကျောင်းတိုက်အား ယာယီအသွားအလာကန့်သတ်ထားကြောင်း သိရသည်။
Jul 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက် အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားသုံးဦး စုစုပေါင်း(၄)ဦး တို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၂)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေး ဦးစီးဌာနမှ သိရသည်။
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းအား ယနေ့ နံနက် ၈နာရီ အချိန်ခန့်က စတင်၍ ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 12,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အဆိုပါ သဖန်းကိုင်းပရဟိတကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  အရှိန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းစ၍ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကျိုင်းတုံ-မိုင်းဖြတ်- တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးဘေး မြို့ဝင်ဘီးခွန်ဂိတ်အနီးတွင် ဖွင့်လှစ်ထားကြောင်း သိရ သည်။