တာချီလိတ် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ခရိုင် ပြည်သူ့ဆေးရုံသို့ ကိုဗစ်- ၁၉ လူနာများအတွက် အောက်စီဂျင် အသက်ရှုစက် ၄ လုံးကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆန်ဆိုင်း(က)ရပ်ကွက်နေ ဦးစိုင်းဖတ်ရှဲန် (မိသားစု) နှင့် ဦးအားမင် (မိသားစု)တို့က တစ်လုံးလျှင် မြန်မာငွေကျပ်(၈)သိန်းခန့်တန်ဖိုးရှိ ထိုင်းနိုင်ငံမှတင်သွင်းလာသည့် Yuwell 7F-3BW...Oxygen Concentrator အသက်ရှူစက်သစ်(၄)လုံးကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က တာ့ဟြာ ဗုဒ္ဓဘာသာစာသင် ကျောင်းမှ အမျိုးသမီးအဖွဲ့က အောက်စီဂျင်အိုး(၁၀)လုံး၊ ရွှေမြန်မာဟိုတယ် မိသားစုက (၅)လုံး လာရောက်လှူဒါန်းထားကြောင်းသိရှိရပြီး မှာယူထားသော အောက်စီဂျင်အိုးများ ရောက်ရှိလာလျက်ရှိရာတွင် အရေးပေါ်ကိုဗစ်လူနာများအတွက် အောက်စီဂျင်အိုး အလုံး ၈၀ ကျော်ကို ပြင်ဆင်ထားပြီးကြောင်း၊ ကိုဗစ်လူနာများအတွက် လှူဒါန်းလိုပါက ခရိုင် /မြို့နယ် စုပေါင်းရုံးသို့ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရှိရသည်။
တာချီလိတ်မြို့တွင် ယမန်နေ့ကနောက်ဆုံးရရှိသောသတင်းအရ ကိုဗစ် ၁၉ အတည်ပြုပိုးတွေ့လူနာ ကျားမစုစုပေါင်း ၂၈၁ ဦးကြောင်း၊ ယခုလှူဒါန်းပေးလာသော အောက်စီဂျင် အသက်ရှုစက်သည် လျှပ်စစ်မီးနှင့်စက်သွယ်လိုက်ရုံဖြင့် လူနာများက အောက်စီဂျင်ကို အလိုအလျောက်ရှု၍ရသော အော်တိုစနစ်စက်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရှိရသည်။
ယာဆေး