အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျော်တော်မြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaing ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့အဝင်အထွက် မဟာကံကြီးရှင်ဘုးရာရှေ့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jul 11,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၈)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
Jul 11,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက်က ဟိုစဲ့ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 11,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့​ဆေးရုံး၌   ကိုဗစ်-၁၉​ရောဂါ အတည်ပြု လူနာတစ်ဦးနှင့် ထိ​တွေ့ခဲ့သူ နှစ်ဦးတို့မှာ ကျန်းမာ​ရေး ပြန်လည်​ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ​ဆေးရုံးဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Jul 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ယမန်နေ့က မိုးရေချိန် (၄.၇၆)လက်မထိ ရွာသွန်းခဲ့သဖြင့် ဒေါင်းမြူးချောင်းနဘေးတွင်ရှိသော မြိုင်ဇေယျာကျေးရွာ ကုန်ထုတ်လမ်းများ ပျက်စီးမှု ရှိ/မရှိကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဌာနအင်ဂျင်နီယာအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jul 11,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့တွင် ကိုဗစ်-၁၉  လူနာထားရှိရန် Quarantine Centre  များ တိုးချဲ့ ပြင်ဆင်ဆောင်ရွက်မှုများကို ယနေ့  နံနက် ၈ နာရီ က စတင်၍ ဟင်္သာတ တက္ကသိုလ်တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 11,2021
နည်းပညာနှင့်အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ရေလာလေးကျေးရွာတွင် ဇူလိုင်လ ၁ရက်နေ့မှ စတင်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးက သိရသည်။