ကော့ကရိတ် ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကာ ယနေ့ နံနက် ၈နာရီအချိန်မှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို ကော့ကရိတ်မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ တို့က အဖွဲ့ (၃)ဖွဲ့ခွဲ၍ အမှတ် (၆)ရပ်ကွက်၊ ဇိနသုခဘုရားရှေ့ မြို့ဝင်ဂိတ်၊ အမှတ် (၃)ရပ်ကွက် မြို့မရဲစခန်းရှေ့ မီးပွိုင့်နှင့် တောင်ပေါ်ကျောင်းလမ်းဆုံတို့တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာပြည်သူများအနက် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူ (၁၂၈)ဦးတို့အား တစ်ဦးလျှင် ဒဏ်ငွေကျပ်(၂၀၀)ဖြင့် စုစုပေါင်း ငွေကျပ် (၂၅၆၀၀)ကို ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်